ယော စ ဝဿသ တံ ဇီဝေ၊ ဒုပ္ပညော အသမာဟိတော။
    ဧကာဟံ ဇီဝိတံ သေယျော၊ ပုညဝန္တဿ ဈာယိနော။

ပညာမရှိ သမာဓိမရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် တရားပညာရှိ၍ သမထ, ဝိပဿနာကို ရှုသောပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။

Better it is to live one day wise and meditative than to live a hundred years foolish and uncontrolled.

ဓမ္မပဒ ၁၁၁၊ ၈ သဟဿဝဂ်၊ ၁ဝ ခါဏုကောဏ္ဍညတ္ထေရဝတ္ထု

 

အတ္တာနဉ္စေ တထာ ကယိရာ၊ ယထာညမနုသာသတိ။
သုဒန္တောဝတ ဒမေထ၊ အတ္တာ ဟိ ကိရ ဒုဒ္ဒမော။

သူတစ်ပါးကို ဆုံးမသောနည်းအတိုင်း မိမိကိုယ်တိုင် လိုက်နာပြုကျင့်ရာ၏။ မိမိကိုယ်တိုင် ယဉ်ကျေးပြီးသော်မှသာ (သူတစ်ပါးကို) ဆုံးမရာ၏။ မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမရခြင်းသည် ခဲယဉ်းလှစွတကား။

One should do what one teaches others to do; if one would train others, one should be well controlled oneself. Difficult, indeed, is self-control.

ဓမ္မပဒ ၁၅၉၊ ၁၂ အတ္တဝဂ်၊ ၃ ပဓာနိကတိဿတ္ထေရဝတ္ထု 

 

ဇိဃစ္ဆာပရမာ ရောဂါ၊ သင်္ခါရပရမာ ဒုခါ။
ဧတံ ဉတွာ ယထာဘူတံ၊ နိဗ္ဗာနံ ပရမံ သုခံ။

တရားတည်းဟူသော နှစ်သိမ့်မှု ပီတိအရသာကို သောက်ရသူသည် ဆိတ်ငြိမ်ရာ၌ ရသော (တရား) အရသာကိုလည်းကောင်း၊ ကိလေသာ အပူငြိမ်းရာ နိဗ္ဗာန်၏ အရသာကို လည်းကောင်း သောက်ရသောကြောင့် ပူပန်မှုကင်း၏။ မကောင်းမှုမှလည်း ကင်း၏။

Hunger is the worst disease, conditioned things the worst suffering. Knowing this as it really is, the wise realize Nibbana, the highest bliss.

ဓမ္မပဒ ၂၀၃၊ ၁၅ သုခဝဂ်၊ ၇ တိဿတ္ထေရဝတ္ထု